ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်ဆည်ခရိုင် အတွင်းရှိမြို့နယ်ပေါင်း ၁၆ မြို့နယ်မှ တိုင်းဒေသကြီး ခရိုင် မြို့နယ်နှင့် ရပ်/ကျေးအဆင့် ပါ တီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက မန္တလေး၊ ပြင်ဦးလွင် နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်များမှ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်နှင့်ရပ်/ကျေး အဆင့် ပါတီဝင်များနှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးရုံး အစည်း အဝေးခန်းမ၌တွေ့ဆုံ၍ ပါတီရေးရာ ကိစ္စများအား သက်ဆိုင်ရာမြို့နယ်များ မှတင်ပြလာသောတင်ပြချက်ကို ဖြည့် စွက်ရှင်းလင်းမှာကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင့်အဖွဲ့ဝင်များ သည် မိတ္တီလာမြို့နယ် တော်ဝင်နန်း-ခန်းမတွင် မိထ္တီလာခရိုင်အတွင်းရှိ မိထ္တီလာ/မလှိုင်/ဝမ်းတွင်း/သာစည် နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ရမည်းသင်း/ပျော်ဘွယ်မြို့နယ်တို့မှ ပါတီဝင်ထု အင်အား ၄၅၀ ဦးနှင့် ၁၀ ၉ ၂၀၁၆ ရက်နေ့ ညနေ ၃ နာရီ တွင် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တွင်းရှိ မြို့နယ်ပါတီကော်မတီဝင် များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ပါတီရုံး၌ စက်တင် ဘာလ (၈) ရက် မွန်းလွဲ (၁) နာရီခွဲက မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြို့နယ်ဥက္ကဋ္ဌအသီးသီးမှ တင်ပြလာသော မြို့နယ်ပါတီ ရေးရာကိစ္စများကို မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ဖြည့်စွက်ရှင်းလင်းခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ပုဂံ-ညောင်ဦးတွင် လုပ်အားပေးနေသောပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ တွေ့ဆုံအားပေး စေတီများပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စူဠာမဏိစေတီနှင့် တဘက်ကျစေတီတို့အပါအဝင် ပုဂံ-ညောင်ဦးမှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြုနေသော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို စက်တင်ဘာလ (၈) ရက် နံနက် ၁ဝနာရီခွဲက တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ရမည်းသင်းမြို့ နယ် ပျော်ဘွယ် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပျော်ဘွယ်မြို့နယ် သန်လျင်တောရ ယင်းတော်မင်းကျောင်း အာရုံခံဓမ္မာရုံ၌ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ပျော်ဘွယ်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင် များ၊ ရပ်/ကျေးစည်း ရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်/မိတ္ထီလာမြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ ညနေ(၃)နာရီ (၃ဝ)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

မိတ္ထီလာမြို့နယ်ရှိ လောကရန်နိုင်စေတီတော်အား ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဖူးမြော်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီ နီဝင်းတို့သည် မိတ္ထီလာ ပြည်ခိုင်ဖြိုးပါတီမှ အမှုဆောင်များ လိုက်ပါလျက် ယခုလ ၄ ရက် ညနေ ၅ နာရီက မိတ္ထီလာမြို့ မကျည်းပင်ပုရွာရှိ လောကရန်နိုင် စေတီတော်အား သွားရောက်ဖူးမြော်ခဲ့သည်။

၂ဝ၁၆ ပြည်ခိုင်ဖြိုးပါတီညီလာခံအောင်မြင်ခြင်းအထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တို့သည် ရွှေသိမ်တော်ဘုရားဝင်းအတွင်း ခရေပင်၊ တမာပင်၊ ကုက္ကိုပင်၊ မယ်ဇလီပင် အပါအဝင် အပင် ၁၅ဝ အား ပြည်ခိုင်ဖြိုးအင်အား ၁၅ဝ ဖြင့် ယခုလ ၄ ရက် နံနက် ၁ဝ နာရီတွင် စုပေါင်း စိုက်ပျိုးကြသည်။

ဗဟိုဦးစီးနာယကကော်မတီဝင်ဦးဌေးဦးနှင့်ဇနီး မှန်ကျောင်းဓမ္မာရုံပြုပြင်ရန် အလှူငွေများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးစီးနာယကကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်းတို့သည် မိတ္ထီလာမြို့နယ် မန်ကျည်းပင်ပုကျေးရွာ မှန်ကျောင်းဆရာတော်အား ယခုလ ၄ ရက် ညနေ ၄ နာရီခွဲတွင် ဖူးမြော် ကြည်ညိုပြီး မှန်ကျောင်းဓမ္မာရုံပြုပြင်ရန်နှင့် ဆီမီးပူဇော်ရန်အတွက် လှူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်တွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးတာဝန်ခံများ လပတ်ပုံမှန် တွေ့ဆုံပွဲကို စက်တင်ဘာ (၅) ရက် နံနက် ၉ နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ စည်းရုံးရေးတာဝန်ခံများ တက်ရောက်ကြသည်။