၂ဝ၁၆ ပြည်ခိုင်ဖြိုးပါတီညီလာခံအောင်မြင်ခြင်းအထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တို့သည် ရွှေသိမ်တော်ဘုရားဝင်းအတွင်း ခရေပင်၊ တမာပင်၊ ကုက္ကိုပင်၊ မယ်ဇလီပင် အပါအဝင် အပင် ၁၅ဝ အား ပြည်ခိုင်ဖြိုးအင်အား ၁၅ဝ ဖြင့် ယခုလ ၄ ရက် နံနက် ၁ဝ နာရီတွင် စုပေါင်း စိုက်ပျိုးကြသည်။

ထိုသို့ ရွှေသိမ်တော်မြတ်စွာ ဘုရားဝန်းကျင်အား အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းသည် သဘာဝဘေးဒဏ်များ ကာကွယ်နိုင် စေရန်၊ ဘုရားဖူးပြည်သူများ လာရောက်ဘုရား ဖူးမြော်ကြသည့်အခါ စိတ်ချမ်းသာစွာ နားနေ နိုင်ရန်နှင့် ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံအောင်ပွဲအတွက် စိုက်ပျိုးရကြောင်းကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ထိုသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်ဥက္ကဋ္ဌ ဦးအောင် မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းနှင့် ခရိုင်/မြို့နယ် ရပ်/ကျေးစည်းမှူးများ စုစုပေါင်း အင်အား ၁၅ဝ တက်ရောက် စိုက်ပျိုးကြကြောင်း သိရသည်။

ကျော်မြ(ကျောက်ဆည်)


Leave a Reply