ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် သတ္တမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ကော်မတီ အဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပါတီအဖွဲ့ခေါင်းဆောင်များနှင့် ဒုအဖွဲ့ခေါင်းဆောင်များ၊ အမာခံပါတီဝင်များ၊ ပါတီကို ထောက်ခံအားပေးသော ပါတီ မိတ်ဆွေများ၏ (သတ္တမ)အကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မြို့နယ်ပါတီရုံး၌ ယခုလ ၄ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်အတွင်းရှိ မြို့နယ် သံဃနာယကအဖွဲ့ဝင်များ၊ ရွှေခြံကျောင်းတိုက် ဆရာတော်၊ ချမ်းမြေ့သာကျောင်းတိုက်ဆရာတော်၊ ရှင်မတောင်ကျောင်းတိုက်ဆရာတော်၊ မကွေးကျောင်းတိုက် တိုက်အုပ်ဆရာတော်၊ သံဃာတော်ကိုးပါးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သူနှင့် ဇနီး ဒေါ်သန်းသန်းနု၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်(အရှေ့ပိုင်း) ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ မြို့နယ်အတွင်းရှိ ပါတီမိတ်ဆွေ လူကြီးမင်းများ၊ ဌာနဆိုင်ရာမှ လူကြီးမင်းများ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်ခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ဒုအဖွဲ့ခေါင်းဆောင်များနှင့် ကော်မတီဝင်များ၊ အမာခံပါတီဝင်များ စုစုပေါင်းအင်အား ၄၅ဝ ခန့်တက်ရောက်ပြီး သံဃာတော်အရှင်သူမြတ်များအား တစ်ပါးလျှင် သင်္ကန်းခြင်းသုံးခြင်း၊ သင်္ကန်း ဒွိစုံ၊ ဖိနပ်တစ်ရံ၊ ဝတ္ထုငွေတစ်ပါးလျှင် ကျပ် ၂၁ဝဝဝ အား ဗဟိုကော်မတီဝင် ဦးတင်အောင်နှင့် ဦးမြင့်သူ၊ ဦးခင်မောင်ထူး၊ ဦးမြင့်ခိုင်နှင့် ပါတီအဖွဲ့ခေါင်း ဆောင်များက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)


Leave a Reply