ရပ်ကျေးပါတီကော်မတီဝင်များနှင့် ပြည်နယ်ပါတီကော်မတီဝင်တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးစိုးဝင်း(မိုး ညှင်းမြို့နယ်တာဝန်ခံ)နှင့်မိုးညှင်း မြို့နယ် ဟိုပင်ဒေသ ရပ်ကွက်၊ ကျေးရွာ ၁၂အုပ်စုမှ ပါတီကော်မ တီဝင်များတွေ့ဆုံပွဲကို ယခုလ ၄ ရက် နံနက် ၈နာရီက ဟိုပင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ရာ မိုးညှင်းခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့ နယ်အတွင်းရေးမှူး၊ ကော်မတီ ဝင်များနှင့် ပါတီဝင်များတက် ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိုးဝင်းက ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ရည် မှန်းချက်၊ သန္နိဋ္ဌာန်နှင့်မူဝါဒများကို လည်းကောင်း၊ ခံယူချက်၊ ယုံ ကြည်ချက်မြင့်မားရေးနှင့် ပါတီ တွင်းစည်းလုံးညီညွတ်ရေး၊ ကျစ် လျစ်ခိုင်မာရေးတို့ကိုလည်းကောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းက ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) အတွေ့အကြုံနှင့် ရှေ့လုပ်ငန်းစဉ် များကိုလည်းကောင်း၊ မြို့နယ်ပါ တီ အတွင်းရေးမှူး ဦးဌေးဝင်းက မြို့နယ်အတွင်း ဆောင်ရွက်မည့် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တင်ပြချက်များကို ပြန်လည်ရှင်း လင်းခဲ့ကြောင်း သိရသည်။

စိုင်းဝင်း(အင်းတော်ကြီး)


Leave a Reply