တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်တွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးတာဝန်ခံများ လပတ်ပုံမှန် တွေ့ဆုံပွဲကို စက်တင်ဘာ (၅) ရက် နံနက် ၉ နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ စည်းရုံးရေးတာဝန်ခံများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကျေးရွာပေါင်း ၈၈ ရွာမှ စည်းရုံးရေးတာဝန်ခံများ၊ ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းအထက်ရရှိခဲ့သော ကျေးရွာ ၁၇ ရွာမှ စည်းရုံးရေးတာဝန်ခံများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် က နိုင်ငံရေးတွင် ထာဝရအနိုင်ရ ပါတီမရှိကြောင်း၊ မိမိတို့ပါတီအနေဖြင့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် ပါတီကျစ်လျစ်ခိုင်မာရေး၊ ပါတီဝင်အား အရည်အသွေး ကောင်းမွန်ရေး၊ အင်းအားတောင့် တင်းရေးများကို ကျေပွန်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကိုပြည့်(တောင်သာ)


Leave a Reply