ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

“ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဆေးကုသရန် ထောက်ပံ့လှူဒါန်း

မန္တလေးမြို့ ၆၆ လမ်း ကုတင် ၅၀၀ ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော အသက် (၇) နှစ်အရွယ် ကလေးငယ်မိဘများမှာ ရှမ်းလူမျိုး များဖြစ်ပြီး ဗမာစကားလုံးဝမတတ်ကြောင်းနှင့် ယင်းကလေးမှာ သီပေါမြို့မှ ဖြစ်ပြီး ခွဲစိတ်ကုသရန် ငွေကြေးပြည့်စုံ လုံလောက်မှု မရှိသဖြင့် လူမှုရေး အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့ ကူညီ ထောက်ပံ့ရန် ၂၀.၇.၂၀၁၆ ရက်နေ့ တွင် လူမှုကွန်ယက် face book မှတဆင့် အကူအညီတောင်းခံချက်အရ TYM လူငယ်အဖွဲ့မှ ကိုစိုင်းအွမ်ခေးနှင့် ဆက်သွယ်၍ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်း ထားရှိသော “ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဇူလိုင်လ (၂၅) ရက်နေ့တွင် အလှူငွေကျပ် ၅၀၀၀၀ိ/-အား မန္တလေး ကမ္ဘောဇဘဏ်သို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၂) ထပ်ကျောင်းဆောင်သစ် ရေစက်ချပွဲကျင်းပ

13715983_518443021686772_1957216336573088544_n

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေတို့ မိသားစုမှ ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းက မန္တလေးတောင်ဂေါက်ကွင်းအရှေ့ဘက် အတုလဝတီ သီလရှင်စာသင်တိုက်၌ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် မြတ်ရတနာ (၂)ထပ် ကျောင်းဆောင်သစ်ကြီး အား ရေစက်ချ လှူဒါန်းပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

Credit – Zaw Aung Htet

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးအတွက် အကြိုညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၄) ရက် နေ့လည် (၂) နာရီအချိန်က ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Khin Maung Aye


မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းေ၈း အခမ်းအနား ကျင်းပပြီးစီး

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၁၄) ရက် နံနက် (၉) နာရီကကျင်းပပြီးစီးခဲ့သည်။

မအူပင်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပန်းတနော်မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသက်လင်း၊ အတွင်းရေးမှူး ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီ ကော်မတီများ သည် ဇူလိုင်လ (၁၃) ရက် နံနက် (၉း၃၀) အချိန်တွင် ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များအား တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မန္တလေးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အရိပ်ရပင် ၃ဝဝ အား စိုက်ပျိုးပေး

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ဇူလိုင်လ (၁၃) ရက် နံနက် (၆) နာရီမှ (၉) နာရီခွဲအထိ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် အရိပ်ရပင် ၃ဝဝ ကို တစ်မြို့နယ်လျှင် အပင် ၁ဝဝ နှုန်းဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

ဘုရားပရ၀ုဏ် စိမ်းလန်းစိုပြေရေး တံတားဦးပြည်ခိုင်ဖြိုးက သစ်ပင်များစိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမြန်လမ်းဘေး စကားအင်း တိုးဂိတ်အနီးရှိ တည်ထားကိုးကွယ်သော သမ္ဗုဒ္ဒေဘုရားပရဝုဏ်တွင် စိမ်းလန်းစိုပြေရန် အတွက် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဝင်များမှ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အမရပူရပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

အမရပူရမြို့နယ် ဆင်ရွာမြင်းမူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော်ရင်ပြင်တွင် ယနေ့ နံနက်(၀၈း၀၀)အချိန်တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်းပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်များမှ ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၁၃၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

အမရပူရပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

13626529_513739895490418_8738485108201736893_n 13654360_513739988823742_3697663728598353245_n

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းအား ခြင်ဆေးဖျန်းပေးရန်အတွက် ကျေးရွာတာဝန်ရှိသူများမှ အကူအညီတောင်းခံလာသဖြင့် အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၉) ရက် နေ့လည် (၂) နာရီအချိန်က သွားရောက်၍ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။