သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မန္တလေးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အရိပ်ရပင် ၃ဝဝ အား စိုက်ပျိုးပေး

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ဇူလိုင်လ (၁၃) ရက် နံနက် (၆) နာရီမှ (၉) နာရီခွဲအထိ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် အရိပ်ရပင် ၃ဝဝ ကို တစ်မြို့နယ်လျှင် အပင် ၁ဝဝ နှုန်းဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

အရိပ်ရပင်များ စိုက်ပျိုးနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များထံ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးရဲမြင့် သွားရောက်အားပေးကာ ပါတီဝင်များနှင့်အတူ တပျော်တပါး သစ်ပင်စိုက်ပျိုးပေးခဲ့ပြီး တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌနှင့်အတူ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် မြို့နယ်အသီး သီးမှ ပါတီဝင်များမှပါဝင်၍ အရိပ် ရပင်များကို စိုက်ပျိုးပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ စိုက်ပျိုးပေးခဲ့သည့် အရိပ်ရသစ်ပင်များမှာ ကံ့ကော်၊ သပြေ၊ ပုန်းညက်၊ ပိတောက်၊ မဲဇလီ၊ စိန်ပန်း၊ တမာ အစရှိသည်တို့ဖြစ်ကြပြီး စိုက်ပျိုးပေးခဲ့သည့်နေရာများမှာ အောင်မြေ သာစံမြို့နယ်အတွင်းရှိ မန္တလေးတောင်အရှေ့ဘက်ခြမ်းမြေနေရာ၊ အမရပူရ မြို့နယ်အတွင်းရှိ ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီတော် ပရိဝုဏ်အတွင်းမှ မြေနေရာနှင့် တံတားဦးမြို့နယ် အမြန်လမ်း တိုးဂိတ်အနီးရှိ သမ္ဗုဒ္ဓေ ဘေးရန်ကင်း စေတီတော်ပရိဝုဏ်အရှေ့မှ မြေနေရာများဖြစ်ကြောင်း သိရသည်။

သုတ


Leave a Reply