ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

”ပြည်ကြီးတံခွန်မြို့နယ်က ဖွင့်လှစ်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေးစင်တာဟာ မြို့နယ် အတွင်းမှာရှိတဲ့ လူငယ်ထု အတွက် သိပ်အသုံးဝင် မယ်လို့ ယုံကြည်ပါတယ်။ ရည် ရွယ်ချက်လည်း အရမ်းကောင်းပါ တယ်။ ခရိုင်အတွင်းက အခြားမြို့ နယ်တွေမှာလည်း ဒီလိုစင်တာလေး တွေရှိစေချင်ပါတယ်။ ကျွန်တော် တို့ခရိုင်အနေနဲ့လည်း ဒီစင်တာအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေချင်လို့လမ်း လျှောက်စက်ကို လာပြီးလှူဒါန်းခဲ့ တာပါ”ဟု မန္တလေးခရိုင် ပြည်ခိုင် ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လည်း ”ကျွန်တော်တို့မြို့နယ် မှာ လူငယ်ဖွံ့ဖြိုးရေးစင်တာလေးတစ်ခု ထူထောင်ဖို့ စိတ်ကူးထားတာကြာ ပါပြီ။ အခု ကျွန်တော့်ရဲ့စိတ်ကူး ကို ပါတီဝင်တွေရဲ့ဝိုင်းဝန်းကူညီ လှူဒါန်းမှုရယ်၊ ပြင်ပက အလှူရှင် တွေရဲ့ လှူဒါန်းမှုတွေရယ် ပေါင်း စုပြီး ၂ဝ၁၆ ဇူလိုင်လဆန်းကစပြီး စတင်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ဒီစင် တာလေးကို ဖွင့်လှစ်ရတဲ့ရည်ရွယ် ချက်ကတော့ မြို့နယ်အတွင်းမှာ ရှိတဲ့ လူငယ်တွေ ကာယ၊ ဥာဏ၊ စာရိတ္တတွေ ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်အကျိုးကို အကောင်းဆုံး သယ်ပိုးထမ်းရွက်လာနိုင်ဖို့ပဲဖြစ် ပါတယ်”ဟု ဖွံ့ဖြိုးရေးစင်တာ ဖွင့် လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်း လင်းပြောကြားခဲ့သည်။

သုတ


Leave a Reply