ဇလွန်မြို့နယ်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇွန် ၂၅ရက် နံနက်ပိုင်းက မြို့နယ်ပါတီစုံညီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ပါတီဗဟို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး ရွေးချယ်ကြီးကြပ်မှုအဖွဲ့ဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော် မတီဝင်ဦးလှခိုင်၊ ဦးကျော်ဝင်းနိုင် နှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ အင်အား ၁၅ဝကျော် တက်ရောက် ခဲ့သည်။

ယင်းအခမ်းအနားတွင် သဘာ ပတိအဖွဲ့ဝင် ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင်ရွေး ချယ်တင်မြှောက်ရေးကြီးကြပ်မှု ကော်မတီဝင်ဦးလှခိုင်က ကိုယ်စား လှယ်များအား ရွေးချယ်မဲပေးသည့် ပုံစံများကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ပါတီ လုပ်ငန်းများ အစုအဖွဲ့စာတမ်း စာ တမ်း(၁)ကို ဦးရှိန်းထက်ခေါင်၊ စာတမ်း(၂)ကို ဒေါ်သန်းသန်းချိုတို့ က တစ်ဦးစီဖတ်ကြားတင်ပြကာ အခမ်းအနားပထမပိုင်းကို ရုပ် သိမ်းခဲ့သည်။
ညနေပိုင်းတွင် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကိုဆက်လက် ကျင်းပရာ မြို့နယ်ကော်မတီဝင် ဟောင်းများနုတ်ထွက်ခြင်းနှင့် မြို့ နယ်ကော်မတီဝင်အသစ်နှင့် အရန် ကော်မတီဝင်များကိုမဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ထားသော မြို့ နယ်ကော်မတီဝင် ၁၅ ဦးထဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို မဲစနစ်ဖြင့် ဆက်လက်ရွေးချယ်ရာ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌအဖြစ် ဦးချိုမြင့်ခိုင်၊ အတွင်းရေးမှူးအဖြစ် ဦးနိုင် လင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဝင်းအောင်တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ယင်းနောက် ရွေးချယ်တင် မြှောက်ထားသော ကော်မတီဝင် အသစ်များ၊ အရန်ကော်မတီဝင်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာများဆိုပြီး အခမ်းအနား ကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ငွေသန်း(ဇလွန်)


Leave a Reply