ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့တက်ရောက်ချီးမြှင့်

 

မိုးကောင်း၊ ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ယနေ့မနက် ၁၀ နာရီ ၃၀ ချိန်တွင် မိုးကောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် မိုးညှင်းခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ မြို့နယ်များရှိ ပါတီအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် ပါတီဝင်အဆိုပြုလွှာများအား မိုးကောင်းမြို့နယ် ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် ဖားကန့်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်တို့မှပေးအပ်ခဲ့ရာ ကချင်ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးမှ လက်ခံရယူခဲ့သည်။

၎င်းနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သက်ဆိုင်ရာ မြို့နယ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ အောင်မြတ်ဦး၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ မိုးညှင်း ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် ပါတီဝင်များ အင်အား ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။