ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တွင်းရှိ မြို့နယ်ပါတီကော်မတီဝင် များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ပါတီရုံး၌ စက်တင် ဘာလ (၈) ရက် မွန်းလွဲ (၁) နာရီခွဲက မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြို့နယ်ဥက္ကဋ္ဌအသီးသီးမှ တင်ပြလာသော မြို့နယ်ပါတီ ရေးရာကိစ္စများကို မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ဖြည့်စွက်ရှင်းလင်းခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ပုဂံမြို့ဟောင်း သဗ္ဗညုကျောင်းဆရာတော် ဘဒ္ဒန္တဥာဏိန္ဒ အရှင်သူမြတ်အား သွားရောက်ဖူးမြော် ကန်တော့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးစိုးနိုင်၊ ဦးမြင့်စိုးနှင့် ဦးဝင်းမောင် (မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် ပါတီဥက္ကဋ္ဌ၊ ခရိုင်ပါတီ အတွင်းရေးမှူး၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များလိုက်ပါလာခဲ့ကြောင်း သိရသည်။

သုတ


Leave a Reply