ဗဟိုဦးစီးနာယကကော်မတီဝင်ဦးဌေးဦးနှင့်ဇနီး မှန်ကျောင်းဓမ္မာရုံပြုပြင်ရန် အလှူငွေများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးစီးနာယကကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်းတို့သည် မိတ္ထီလာမြို့နယ် မန်ကျည်းပင်ပုကျေးရွာ မှန်ကျောင်းဆရာတော်အား ယခုလ ၄ ရက် ညနေ ၄ နာရီခွဲတွင် ဖူးမြော် ကြည်ညိုပြီး မှန်ကျောင်းဓမ္မာရုံပြုပြင်ရန်နှင့် ဆီမီးပူဇော်ရန်အတွက် လှူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန်ကျည်းပင်ပုကျေးရွာ မှန်ကျောင်းဓမ္မာရုံ မျက်နှာကြက်နှင့် အခင်းများ ပြုပြင်တည်ဆောက်ရန်၊ ဆီမီး ၁ဝဝဝ ပူဇော်နိုင်ရန်တို့အတွက် စုစုပေါင်း လှူဒါန်းငွေကျပ် ၂၅၅ဝဝဝဝ နှင့်အတူ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မှန်ကျောင်းဦးစီးပဓာနနာယကဆရာတော်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးစီးနာယက ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီးဒေါ်နီနီဝင်း၊ မိတ္ထီလာ အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(ထီလာ)


Leave a Reply