ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ရမည်းသင်းမြို့ နယ် ပျော်ဘွယ် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပျော်ဘွယ်မြို့နယ် သန်လျင်တောရ ယင်းတော်မင်းကျောင်း အာရုံခံဓမ္မာရုံ၌ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ပျော်ဘွယ်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင် များ၊ ရပ်/ကျေးစည်း ရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက မိမိတို့ပါတီအနေဖြင့် ပါတီညီလာခံ ၂ဝ၁၆ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ ပါတီအောက်ခြေ အဆင့်မှဗဟိုအဆင့်အထိ ပြန်လည်ပြင် ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုသို့ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာတွင် တာဝန်ပြန်လည် ပေးအပ်ခြင်းခံရသည့် လူဟောင်းများ ပြန်လည်ပါဝင်လာသကဲ့သို့ တာဝန်ပေး အပ်ခံရသည့် လူသစ်များလည်း ပါဝင် လာကြောင်း၊ လူသစ် လူဟောင်းများ အားလုံး ပါတီကို သံယောဇ ဉ်ရှိသော၊ ယုံကြည်မှုရှိသော ပါတီဝင်များဖြစ်ကြကြောင်း၊ အားလုံးက ပါတီဆက်လက်ရှင် သန်ခိုင်မာရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ပါတီက ချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်များဖြင့် ပြည်သူ့အကျိုး၊ နယ်မြေအကျိုး အတွက် လက်တွေ့ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်လာကြသူ များဖြစ်ကြောင်း၊

ပါတီဝင်များသည် မိမိတို့၏ယုံကြည်ချက် စွဲမြဲခိုင်မာအောင် ကြိုးပမ်းကြရန်လိုသကဲ့သို့ မိမိတို့ယုံကြည်သလို အခြားသူများကိုလည်း ယုံကြည်အောင် လုပ်ဆောင်သွားရန် လိုအပ် ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေး၊ စုပေါင်းလုပ်ဆောင်သွားရန် လိုကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို တိုးတက်အောင် တည်ဆောက်ပြီး ပြည်သူလူထုအတွင်း စည်းလုံးမှုကိုလည်း တိုးတက်မှုရရှိစေရန်အတွက် ပါတီဝင်တိုင်းက ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပါတီ၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် စိတ်ဝမ်းမကွဲဘဲ စုစည်းညီညွတ်သော အင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


Leave a Reply