ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ကြံခင်းမြို့နယ်ရှိ မြို့နယ်ရပ်ကျေးပါတီ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

 

ကြံခင်း မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတခရိုင် ပါတီကော်မတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတင်ဝင်းတို့နှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီက ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စည်းဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဝင်များနှင့် တွေ့ဆုံသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး ဦးစွာပါတီဗဟို အတွင်းရေးမှူးက ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှာကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက မရှင်းလင်းသည်များကို မေးမြန်းရာ ပါတီဗဟိုအတွင်းရေးမှူးက ပြန်လည် ဖြေကြားသည်။ ဆက်လက်ပြီး မြို့နယ်တာဝန်ခံ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်က ဒေသအခြေ အနေများကို ဖြည့်စွက်တင်ပြကာ တွေ့ဆုံပွဲအား မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် တွေ့ဆုံပွဲအပြီးတွင် ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အောင်ဆန်းဝင်း(ကြံခင်း)