လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးနှင့် အဖွဲ့ဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန် တွေ့ဆုံ စည်းဝေးပွဲကို စက်တင်ဘာလ (၇) ရက် နံနက် ၁၀ နာရီတွင် ကျင်းပရာ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် များ စုစုပေါင်း အင်အား ၆၀ ဦးခန့် တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွေက ဦးစွာ ယခင်ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ကိုရှင်းလင်းဆွေးနွေးပြီး ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီအင်အားတိုးပွားရေး၊ ပါတီအင်အား ကျစ်လစ် ခိုင်မာရေးတို့ကို ဆွေးနွေးကာ တွေ့ဆုံပွဲကို နံနက် (၁၁) နာရီခွဲအချိန်တွင် ပြီးစီးကြောင်း သတင်းရရှိသည်။

# Kue Reh UDNR


Leave a Reply