မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်/ရပ်ကျေး ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို စင်တင်ဘာလ ( ၇ ) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည် ။

အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်များ တက်ရောက် ကြပြီး ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်အဆင့် ပါတီ ကော်မတီဝင်များ နှင့် ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များက မိမိတို့ တာဝန်ယူဆောင်လျက်ရှိသည့် နယ်မြေ၊ ကျေးရွာ၊ ရပ်ကွက်အသီသီး၌ ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းလိုအပ်ချက် အသေးစိပ်တို့ကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြကာ ဆွေးနွေးတင်ပြ ချက်များအပေါ် မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် က ပြန်လည် ရှင်းလင်းဆွေးနွေး ပေးခဲ့ပြီး ပါတီရှေ့လုပ်ငန်စဉ်များဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်ဆည်းလမ်းညွန် အကြံပြုချက်များချမှတ်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ် များအား မိမိတို့ပါတီဝင်များအနေဖြင့် အရှိန်အဟုန်မပျက် ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

# Kyaw Linn


Leave a Reply