ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းလုပ်ငန်း အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင် စိုးက ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များ၊ မူဝါဒများအား ရှင်းလင်းပြောကြားပြီး ပါတီဝင်များ အင်အားဖြည့်တင်းရေး ကိစ္စများ၊ ပါတီဝင်စိစစ်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စစသည်တို့အား ပြောကြားကာ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများအား တက်ရောက်လာကြသူ ပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် အပြန်အလှန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးပြောကြား ခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုမှ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီ ကော်မတီ ဝင်များ၊ မြို့နယ်အသီးသီးတို့မှ မြို့နယ်ပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၆ဝ ခန့် တက်ရောက်ကြောင်း သိရ သည်။

မြတ်ဟိန်းကျော်(ကော့မှူး)