မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ပြင်ဦးလွင်မြို့နယ်တွင်းရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့် ဇနီး-ဒေါ်မြတ်ငွေ မိသားစုတို့ ထူထောင် ထားသော  “မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း” မှ အောက်တိုဘာ (၂၆) ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ငါးရံ့ချောင်း၊ ဆင်ဖြူအင်း၊ အုတ်ဖိုကျေးရွာများရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များ သွားရောက် လှူဒါန်းရာ ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီများမှ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

14725528_561109060753501_3954372349956236967_n

(more…)


ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးရုံးတွင် ပါတီလုပ်ငန်းနှင့်စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၅.၁၀.၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်းအတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့်နှုတ်ခွန်းဆက်ဆွေးနွေးကာ တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

14713602_561388740725533_7906527398058031907_n

(more…)


မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့လှူဒါန်း

14681589_1106267262802089_6657661396650523881_n

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇင်မင်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် (၂၀.၁၀.၂၀၁၆)နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးသွားသော အိမ်ထောင်စု(၇)စု လူဦးရေ(၃၀)ဦးအတွက် ၎င်းတို့ ခေတ္တနေထိုင်သော စီးတော်မြင်းဝန်ကျောင်းတိုက်ရှိ မီးဘေးကယ်ဆယ်ရေးစခန်းသို့ အောက်တိုဘာ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က သွားရောက်၍ အလှူငွေ ၁၅၀၀၀၀ိ/-(တစ်သိန်းငါးသောင်းကျပ်) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးပါတီရုံး၌ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန် တောင်သူလယ် သမားရေးရာကဏ္ဍ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တောင်သူလယ်သမားများအား အကူအညီများ ပေးနိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမားရေးရာ ကဏ္ဍအစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၂၃) ရက် နံနက် (၉) နာရီခွဲမှ ညနေပိုင်းအထိ ကျင်းပခဲ့သည်။

14657542_560367584160982_5286030586752783308_n

(more…)


ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲသို့ ဗဟိုအတိုင်ပင်ခံ တက်ရောက်ဆွေးနွေး

14650602_558823270982080_2284742298022297133_n

မြင်းခြံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၀.၁၀.၂၀၁၆) ရက်နေ့ နံနက် (၀၈း၃၀) အချိန်တွင် ကျင်းပပြုလုပ်သော ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့် ဦးဆောင်ဆွေးနွေးကာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့် ပတ်သည်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

14690832_1102402979855184_6192549521790729470_n

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီရုံး၌ အောက်တိုဘာ (၁၈) နံနက် (၈) နာရီအချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ရမည်းသင်းခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မိတ္ထီလာ ခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့် နှုတ်ခွန်းဆက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူမှ သင်တန်းနှင့် ပတ်သက်၍  ရှင်လင်းဆွေးနွေးခဲ့သည်။
#  Zaw Aung Htet

သပိတ်ကျင်းပြည်ခိုင်ဖြိုးရဲ့ သီတင်းကျွတ် အလှူဒါန

သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၆ ရက်) တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုများမှ သပိတ်ကျင်းမြို့ရှိ ဥပုသ်သီလ ဆောက်တည် နေသော ယောဂီသူတော်ကောင်းအပေါင်းတို့အား အဟာရဒါနအလှူများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြသည်။

new-picture-1

(more…)


ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးဝင်လူငယ်များ၏ ကျေးရွာသူ/သားများရဲ့ ဆီမီးပူဇော်ပွဲ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ဆင်ခေါင်းကြီးကျေးရွာအုပ်စု၊ လယ်ကြီးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ပူးပေါင်း၍ သီတင်းကျွတ် လပြည့်ကျော် (၁) ရက် (၁၇-၁၀-၂၀၁၆) ရက်နေ့တွင် လယ်ကြီးတောကျေးရွာတွင် တည်ထားကိုးကွယ်သည့် မဟာသန္တိသုခ ကျောက်တောင်စေတီတော်တွင် ဆီမီး (၅၀၀၀) လှူဒါန်းပူဇော်ခဲ့ကြသည်။

14670688_1101607129934769_7653239475208619516_n

(more…)


ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီမှ “တွဲလက်သပြေပရဟိအသင်း” နှင့် ကျေးရွာမီးလင်းရေးကော်မတီတို့အား အလှူငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုးစိုးထွန်း ဦးဆောင်၍ ပါတီကော်မတီဝင်များ လိုက်ပါလျက် အောက်တိုဘာ (၁၇) ရက် နံနက် (၁၀) နာရီအချိန်က ကျောက်ဆည်မြို့နယ် သပြေတောကျေးရွာ နတ်တောကျောင်း ဆရာတော်ဦးရာဇိန္ဒ ဦးစီးသြဝါဒပြု၍ “တွဲလက် သပြေပရဟိတအသင်း” အား မတည်အလှူငွေ (၁၃၀၀၀၀) ကျပ်ငွေအား မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆွေဦးတို့မှ ဆပ်ကပ်လှူဒါန်းရာ ဦးစီးသြဝါဒ ဆရာတော် ဦးရာဇိန္ဒမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

14563340_1101263823302433_577939306780145246_n

(more…)


မန္တလေးတိုင်းဒေသကြီးပါတီနာယက ဆေးဝါးပစ္စည်းများ လှူဒါန်း

14670779_1101387946623354_6001233665087272582_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးပါတီနာယက ဦးရဲမြင့်နှင့်ဇနီး ဒေါ်မြတ်ငွေ တို့သည် အောက်တိုဘာ (၁၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်တို့ရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များ နှင့်အတူ မတ္တရာမြို့နယ် ယက္ကန်းစင်တောင်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှင် သူမြတ်အား သွားရောက် ဖူးမျှော်ကန်တော့ပြီး ယက္ကန်းစင် “မေတ္တာနန္ဒ” ဆေးရုံအတွက် လိုအပ်သော ဆေးဝါး ပစ္စည်းများ တန်ဖိုး ငွေ (၂၁)သိန်းခန့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။