ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

ထီးချိုင့်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု မောင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီအခြေစိုက်ရုံးတွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းတို့က မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အခြေစိုက်ရုံးတွင် ဆိုင်းဘုတ်တင်ကာ နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်က အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ပါတီဆိုင်းဘုတ်တင်ပွဲများကျင်းပ

 

ကလေး သြဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်အတွင်းရေး မှူး ဦးနန်ခန်းကျင်၊ မြို့နယ်ပါတီကော်မတီဝင်များသည် ကလေးမြို့ ပေါ်ရပ်ကွက်များဖြစ်သော မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းတောင်သာ ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်/ရပ်ကွက် ပါတီဥက္ကဋ္ဌများ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်များကို ယနေ့ မွန်းလွဲ ၁ နာရီခွဲမှစ၍ ရပ်ကွက်များ အလိုက်ပါတီဝင်များဖြင့် စည်ကားသိုက်မြိုက်စွာစိုက်ထူခဲ့ကြကြောင်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။

သုံးပန်​လှကျေးရွာအုပ်​စု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဆိုင်းဘုတ်​တင်​ပွဲနှင့် လူထု​တွေ့ဆုံပွဲပြုလုပ်

 

ချောင်းဦး ၊ သြဂုတ်​ ၁၄

ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တမူးခရိုင် / မြို့နယ် ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌများ ၊ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ

 

သြဂုတ်-၁၀| တမူး

ဒီကနေ့ (၁၀-၈-၂၀၁၈)ရက်နေ့ မနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် တမူးမြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ| အရံကော်မတီဝင်များ|ရပ်ကျေးပါတီဥက္ကဌများ| ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုအလေးပြု၍ ဖွင့်လှစ်ခဲ့ကာ တိုင်းတာဝန်ခံမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး |တမူးခရိုင် ပါတီဥက္ကဌ ဦးခင်မောင်ရွှေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် တတ်ရောက်လာသောပ်ါတီဝင်များမှ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားကို ပါတီဝင် စုစုပေါင်း (၁၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ ၀ါဆိုသင်္ကန်းနှင့်​အလှူ​ငွေ​များ ဆပ်ကပ်လှူဒါန်း

 

၉-၈-၂၀၁၈

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်အမှုဆောင်​ စစ်​ကိုင်းတိုင်း​ဒေသကြီးတာဝန်​ခံ ဦးမြင့်စိုးနှင့် ​အလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ​ ဒေါက်​တာမြင့်​သိန်း၊ ဗဟိုကော်မတီဝင်ဦးမင်းမင်းဇေယျာမြင့်| တိုင်းပါတီကော်​မတီဝင်​ တမူးခရိုင်​တာဝန်​ခံဦးခင်မောင်​သန်း၊တိုင်းပါတီကော်​မတီဝင်​ဦးသန်းဝင်းထွန်း ၊​ရွှေဘိုခရိုင်​ပါတီဥက္ကဋ္ဌဦးစိုး​အေး၊ တမူးခရိုင်​ပါတီဥက္ကဋ္ဌဦးခင်​​မောင်​​ရွှေနှင့်​​ ကော်​မတီဝင်​များ၊မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမြင့်​​အောင်​နှင့်​​ ကော်​မတီဝင်​များ|သက်​ဆိုင်​ရာ​ကျေးရွာပါတီဥက္ကဋ္ဌများနှင့်​​ ကော်​မတီဝင်​များလိုက်​ပါ၍ အင်​ဒိုင်း​ကျေးရွာဆရာ​တော်​နှင့်​ ၀ိတုတ်​​ကျေးရွာဆရာ​တော်​တို့အား သွား​ရောက်​ဖူး​မျှော်​ကြည်​ညိုကာ ၀ါဆိုသင်္ကန်းနှင့်​အလှူ​ငွေများ| ဓမ္မစကူးလ်​​ကျောင်းသူ/သားတို့၏ အဟာရဒါနအတွက်​အလှူ​ငွေများကို ဆပ်​ကပ်​​လှူဒါန်းခဲ့ပါသည်​။

 

ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေး(ဆင့်ပွား)သင်တန်းဖွင့်

 

ယင်းမာပင် သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ဆက်ဆံ ရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်း အနားသို့ ယင်းမာပင် ခရိုင်ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော် မြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင် များ၊ သင်တန်းသူ သင်တန်းသား အပါအဝင် စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဝက်လက်၊ သြဂုတ် ၇

ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ကန့်ဘလူ၊ သြဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၈) ကို ယမန်နေ့နံနက် ၁ဝ နာရီက ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြင့်တင်၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ရပ်/ကျေးအမျိုးသမီးထုနှင့်တွေ့ဆုံ

 

ကနီ သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေး မှူးဒေါ်မာမာဦး(အမျိုးသမီးရေးရာ တာဝန်ခံ)နှင့်ကော်မတီဝင်များသည် ကနီမြို့နယ် တဇယ်ချောင်ကျေးရွာ အုပ်စု၊ မင်းကုန်းကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာမှ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ သည်။