ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တမူးခရိုင် / မြို့နယ် ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌများ ၊ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ

 

သြဂုတ်-၁၀| တမူး

ဒီကနေ့ (၁၀-၈-၂၀၁၈)ရက်နေ့ မနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် တမူးမြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ| အရံကော်မတီဝင်များ|ရပ်ကျေးပါတီဥက္ကဌများ| ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုအလေးပြု၍ ဖွင့်လှစ်ခဲ့ကာ တိုင်းတာဝန်ခံမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး |တမူးခရိုင် ပါတီဥက္ကဌ ဦးခင်မောင်ရွှေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် တတ်ရောက်လာသောပ်ါတီဝင်များမှ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားကို ပါတီဝင် စုစုပေါင်း (၁၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။