နေရပ်စွန့်ခွာတိမ်းရှောင် ဒေသခံ ရခိုင်တိုင်းရင်းသားများအား ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေများပေးအပ်

အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်း (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးဇော်ဇော်မြင့် (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစန်းငွေနှင့် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန် တို့သည် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများ အကြမ်းဖက်မှုကြောင့် ဓညဝတီအားကစားကွင်းသို့ ယာယီခိုလှုံရန်ရောက်ရှိလာကြသော လူဦးရေ (၈၇၂) ဦး၊ အိမ်ထောင်စု (၂၇၁) စုအတွက် စုစုပေါင်း ထောက်ပံ့ လှူဒါန်းငွေ ကျပ် ၂၇၁ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ရာ ယာယီ ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံများဖြစ်ကြသော ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးစိုးနိုင်တို့က လက်ခံရယူခဲ့ကြသည်။

dr-ss

ဆက်လက်၍ စစ်တွေမြို့ ရတနဗိမာန်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီကယ်ဆယ်ရေး စခန်းတွင် လူဦးရေ (၃၂၂) ဦး၊ အိမ်ထောင်စု (၉၃) စုအတွက် အရေးပေါ်ထောက်ပံ့ ငွေကျပ် ၉၃ဝဝဝဝကို ပေးအပ်လှူဒါန်းခဲ့ရာ ကယ်ဆယ်ရေးစခန်းကြီးကြပ်မှုကော်မတီမှ ဦးကျော်သိန်း၊ ဦးကျော်ညွန့်၊ ဦးမြင့်ဌေးတို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် အဆိုပါကျောင်းထိုင်ဆရာတော်အား နဝကမ္မအဖြစ် အလှူငွေ ကျပ် တစ်သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

နေချိုသွေး


Leave a Reply