ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး H.E Mr. Alciders Partes အားလက်ခံတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E Mr. Alciders Partes အား ယနေ့ ဇွန်လ (၁) ရက် နံနက် (၁၀) နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။