ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်

 

ကြို့ပင်ကောက် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၉ နာရီခန့်မှစ၍ မြို့တွင်းလှည့်လည်ပြီး ရွေး ကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပါတီဗဟိုကော်မတီဝင် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်စိုး၊ မြို့ နယ်ပါတီဥက္ကဋ္ဌ မဲဆန္ဒနယ် အမှတ် (၁) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဇော်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် ပါတီဝန်းရံသူများ တက်ရောက် အားပေး လှည့်လည်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ကြို့ပင်ကောက်)