မင်္ဂတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြိုနယ်တွင်းရှိ ရပ်ကွက် ပါတီကော်မတီဝင် မိသားစုများအား ပညာရေးထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန် ။ ။ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင် မင်္ဂလာတောင်ညွန့် မြိုနယ် ပြည်ထောင်စုခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ မှ မြိုနယ်အတွင်းရှိ ရပ်ကွက် ပါတီကော်မတီဝင်များ ၏ကျောင်းနေအရွယ် သား/သမီးများအား ပညာရေး အထောက်အပံ့ဖြစ်စေရန် အတွက် ဗလာစာအုပ်များနှင့် ထောက်ပံငွေ များအား ပေးအပ် ပွဲအခမ်းအနားကို မင်္ဂလာတောင်ညွန့် မြိုနယ် ကူတိုဆိပ် ရပ်ကွက် ကူတိုဆိပ်လမ်းရှိ ဖြိုးစေတနာဆေးခန့်းတွင် (၁၇.၆.၂၀၂၃)ရက်နေ့ နေ့လည် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြိုနယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန် မှ အမှာစကားပြောကြား၍ တက်ရောက်လာကြသော မြိုနယ်ပါတီကော်မတီဝင်များမှရပ်ကွက် ကော်မတီဝင်များ၏ သား/သမီးများအား ဗလာစာအုပ်များနှင့် ထောက်ပံငွေများ ပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားသို မင်္ဂလာတောင်ညွန့် မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးဦးတင်ရှိန်၊ ဘဏ္ဍာရေးမှုး ဒေါ်နှင်းအိအိခင် နှင့် မြိုနယ်ကော်မတီဝင်များ၊ အရှေ့ခြမ်းရပ်ကွက်များဖြစ်သော ပုသိမ်ညွန့်၊ ကူတိုဆိပ်၊ မလွှကုန်း၊ စက်ဆန်း၊ ကျီတော်၊ တောင်လုံးပြန်ရပ်ကွက်များ ရှိ ရပ်ကွက်ပါတီကော်မတီဝင်များ ၊ ၎င်းတို့၏ သား/သမီး ငယ်များ တက်ရောက်ကြကြောင်း သိရပါသည်။