ခရိုင်/မြို့နယ်ကော်မတီဝင်၊ ရပ်ကျေးလုပ်ငန်းအစည်းအဝေးနှင့် ပြည့်မဏ္ဍိုင်၊ နိုင်ငံရေးစကားဝိုင်း ပြုလုပ်ခြင်း

တာချီလတ် ဇွန် ၁၈

၁၈.၆.၂၀၂၃ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ လုပ်ငန်းညိုနှိင်း အစည်းအဝေး ပြုလုပ်ရာသို ခရိုင်/မြိုနယ်ဥက္ကဌ နှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များ၊ အမျိုးသမီးရေးရာအဖွဲဝင်များ စုစုပေါင်းအင်အား (၃၅)ဦးတိုမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား နံနက်(၁၀)နာရီတွင် စတင်ခဲ့ပြီး နေ့လည်(၁၁း၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးအား ရုပ်သိမ်းပြီးသည့်နှင့် တစ်ဆက်တည်းတွင် မြိုနယ်ဥက္ကဌဦးကျော်ငြိမ်းအောင်မှ ဦးဆောင်၍ ပါတီကော်မတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များ၊အမျိုးသမီးရေးရာအဖွဲဝင်များ
ဖြင့် ပြည့်မဏ္ဍိုင်၊ နိုင်ငံရေးစကားဝိုင်းကို နေ့လည်(၁၂)နာရီအချိန်ထိ ပြုလုပ်ခဲ့ပါသည်။ ထိုနောက် အစည်းအဝေးသို တက်ရောက်လာသည့် ခရိုင်/မြိုနယ်အဖွဲဝင်များအား ခရိုင်/မြိုနယ်ပါတီမှနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။