ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ဟားခါး မတ် ၂၄ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ နံနက် ၈နာရီ ၄၅ မိနစ်တွင် ဟားခါးမြို့နယ်ပါတီရုံး၌ ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တက်ရောက်လာကြသည့် ပါတီတာဝန်ရှိသူများအား ပါတီ လုပ်ငန်းဆိုင်ရာ အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား အကျယ်တဝင့် ရှင်းလင်းပြောကြားကာ နံနက် ၉ နာရီ ၁၅မိနစ်တွင် ရပ်နားခဲ့သည်။

တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ချင်းပြည်နယ် နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ ဗဟိုအတိုင်ပင်ခံ ဦးဟုန်ငိုင်း၊ ချင်းပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျုံးဘိခ်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဗန်ထောင်း၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆန်ဂျုံး၊ ခရိုင်၊ မြို့နယ်နှင့်ကျေးရွာများမှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။