ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ် ခရိုင် မြို့နယ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

ဘားအံ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပါတီ ဒေါနခန်းမတွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တွေ့ဆုံပွဲခန်းမအတွင်း ဝင်ရောက်ရာ တွင် တက်ရောက်လာသူများကို လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများအား စနစ်တကျဆောင် ရွက်စေပြီး ခန်းမအတွင်း၌ ထိုင်ခုံများကို (Social Distancing) ခေါ် လူတစ်ဦးနှင့်တစ်ဦး သုံးပေခြား ထိုင်နည်းစနစ်များအား စနစ်တကျပြုလုပ်ပြီး အခမ်းအနားစတင်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြား ပြီးနောက် ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ နှစ်ဦးကလည်းကောင်း၊ ဗဟိုအလုပ် အမှုဆောင်များ ဖြစ်ကြသော ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်တို့က လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီးနောက် တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌများက သိလိုသည်များကို မေးမြန်းကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက Covid-19 ရောဂါဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား လိုက်နာရေး၊ ယင်းဒေသအတွင်းရှိ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပါတီတွင်းဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံတော်၏အခြေအနေ အရပ် ရပ်တို့ကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့် ဦးနှင့် ပြည်နယ်တာဝန်ရှိသူများ၊ ခရိုင်နှစ်ခုမှ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ခုနစ်ခုမှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။