သာကေတပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးဘဝ မြင့်တင်ရေး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကို‎ ယနေ့ ဒီဇင်ဘာလ (၁၃) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီနာယကများ၊ ပါတီအကြံပေးများ၊ ရပ်ကွက် ကော်မတီဝင်များနှင့် သင်တန်းသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ မှာ (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ကြောင်း သတင်းရရှိပါသည်။

zaw


Leave a Reply