အထကကျောင်းအတွက် လုပ်ငန်းညှိနိုင်းပွဲ တက်ရောက်ပြီး အလှူငွေလှူဒါန်း

လားရှိး ဇွန် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို၊ ရပ်ကွက်(၅)၊အထက(၆)၊ အခြေခံပညာအထက် တန်းကျောင်း၏ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ တွေ့ဆုံလုပ်ငန်းညှိနိုင်းအစည်း အဝေးကို၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့၊ နေ့လည်(၂)နာရီတွင် ကျင်းပရာ လားရှိးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ပြီး လားရှိးခရိုင်ဘဏ္ဍာရေးမှူးဦးခင်အောင်ဆွေမှ ကျောင်းရံပုံငွေအတွက် အလှူငွေကျပ်(၁)သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရပါသည်။
အဆိုပါ လားရှိးမြို၊ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက်ရောက်၍ ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၂၃၈၈)ဦး ရှိကြောင်း သိရပါသည်။