မန္တလေးတိုင်းဒေသကြီးပါတီရုံး၌ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန် တောင်သူလယ် သမားရေးရာကဏ္ဍ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တောင်သူလယ်သမားများအား အကူအညီများ ပေးနိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမားရေးရာ ကဏ္ဍအစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၂၃) ရက် နံနက် (၉) နာရီခွဲမှ ညနေပိုင်းအထိ ကျင်းပခဲ့သည်။

14657542_560367584160982_5286030586752783308_n

အစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်များမှ တောင်သူလယ်သမားရေးရာကဏ္ဍ၊ ခရိုင်နှင့် မြို့နယ်အလိုက် တာဝန်ခံ အသီးသီးမှ ၎င်းတို့ဒေသများအတွင်းရှိ တောင်သူလယ်သမားများနှင့် သက်ဆိုင်သော လယ်ယာလုပ်သူ လယ်ယာ မြေလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲနိုင်ခွင့်ရရှိရေးဆိုင်ရာကိစ္စများ၊ တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှုမရှိစေရေး အတွက် လယ်ယာထွက်ကုန် ပစ္စည်းများအား သင့်လျော်သည့် ဈေးနှုန်းရရှိ စေရေးဆိုင်ရာကိစ္စများနှင့် ခေတ်မီ စိုက်ပျိုးနည်းပညာများ၊ လယ်ယာသုံး စက်မှုနည်းပညာများကို တောင်သူလယ်သမားများ အကုန်အကျ သက်သာစွာဖြင့် အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေးစရိတ်နှင့် အရင်းအနှီးများကို လုံလောက်စွာ ရရှိနိုင်ရေးကိစ္စများ အစရှိသည့် တောင်သူလယ်သမားများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို အစည်းအဝေးသို့ တက်ရောက် လာသည့် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ထံ တင်ပြဆွေးနွေးခဲ့ရာ တာဝန်ခံမှ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ် သမားရေးရာ တာဝန်ခံ)၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဒေါက်တာမောင်သင်း တို့နှင့်အတူ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင် ခုနစ်ခရိုင် နှင့်မြို့နယ် ၂၈မြို့နယ်မှ တောင်သူ လယ်သမားရေးရာ ကဏ္ဍတာဝန်ခံ များ စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ


Leave a Reply