ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​အတွင်း​ရေးမှူး ပါတီဝင်​များထံကွင်းဆင်း​တွေ့ဆုံခြင်း

 

ရန်​ကုန်​ သြဂုတ်​ ၁၀

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ အ​ရှေ့ပိုင်းခရိုင်​ အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်းသည်​ ယ​နေ့နံနက်​ ၁၀ နာရီ အချိန်​တွင်​ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​ အမှတ်​(၄၃) ရပ်​ကွက်​ရှိ ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
ယ​နေ့နိုင်​ငံ​ရေးအခင်းအကျင်းနှင့်​ပက်​သက်​၍ ပါတီဝင်​များနှင့်​ ရင်းနှီးပွင့်​လင်းစွာ ​ဆွေး​နွေးခဲ့ကြပြီး အသက်​(၈၂) ရှိ အငြိမ်းစားပညာ​ရေးမှူးကြီး ဦး​အေး​မောင်​အား ဝင်​​ရောက်​ဂါရဝပြုခဲ့ပါသည်​။ ဆရာကြီးဦး​အေး​မောင်​သည်​ ဗိုလ်​ချုပ်​ ​အောင်​ဆန်း၏အကိုကြီး ဦး​နေ​အောင်​နှင့်​​ကျောင်း​နေဖက်​သူငယ်​ချင်းဖြစ်​ခဲ့ပြီး ဗိုလ်​ချုပ်​​အောင်​ဆန်းလက်​ထက်​ နိုင်​ငံ​ရေး အ​ခြေအ​နေနှင့်​ ယ​နေ့​ခေတ်​နိုင်​ငံ​ရေးအ​ခြေအ​နေများအား သုံးသပ်​​ပြောကြားခဲ့ပြီး လူငယ်​များ နိုင်​ငံ့အ​ရေးကို စိတ်​ဝင်​စားကြ​စေချင်​​ကြောင်း ​ပြောကြားခဲ့​ကြောင်း သိရှိရပါသည်​။

#Mlyl(North Dagon)