ပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး ဟင်္သာတမြို့ အင်းဝင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ အလှူငွေ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇွန်လ(၂၁) ရက် နေ့လည် (၃) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတခရိုင်ပါတီ အလုပ်အမှုဆောင် များ၊ ဟင်္သာတမြို့နယ် ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလိုက်ပါလျှက် ဟင်္သာတမြို့နယ် အင်းဝင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌဦးဌေးဦးက မိမိတို့အခြေခံပညာကျောင်း များသည် သိအောင်၊တတ်အောင် သင်ကြားပေးယုံသာမက လိမ္မာယဉ်ကျေးမှု ရှိအောင်လည်း သင်ကြားပေးကြောင်း၊ ဆရာ၏ဂုဏ်ကျေးဇူး ကြီးမားပါ ကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ကျောင်းမနေနိုင်သည့်ကလေးများ ကျောင်းနေနိုင်ရေး အတွက် အရင်းမပျောက်မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့ကြောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၃၁၈)ကျောင်းလုံးအား ငွေပဒေသာပင် စိုက်ထူပြီးဖြစ်ကြောင်း၊

ယခင်အစိုးရ လက်ထက်မှစ၍ ကျောင်းသားများနှင့်ပတ်သက်ပြီး နိုင်ငံတော်မှ ပံ့ပိုးခဲ့သဖြင့် အဆိုပါငွေပဒေသာပင်အား ကျောင်းသား များအတွက် သုံးစွဲရန် မလိုတော့ကြောင်း၊ သို့ဖြစ်၍ အဆိုပါငွေပဒေသာပင်အား ဆရာ/ဆရာမများ ဂုဏ် ကျေးဇူးကို မမေ့သောအားဖြင့် လက်ရှိသင်ကြားပေးနေသည့် ဆရာ/ ဆရာမများကို လက်ရှိသင်ကြားလျက် ရှိသော ကျောင်းသားများက ပူဇော် ကန်တော့ရန်အတွက် ပြောင်းလဲသုံးစွဲခဲ့ကြောင်း၊ ယခု အင်းဝင်းကျောင်း ကို ငွေပဒေသာပင် စိုက်ထူထားပြီးဖြစ်သော်လည်း အခြေခံပညာ မူလတန်း ကျောင်းမှ မူလတန်းလွန်ကျောင်း အဖြစ် အဆင့်တိုးမြှင့်ခဲ့သည့်အတွက် အဆိုပါ အရင်းမပျောက်မတည်ငွေ၊ ငွေပဒေသာပင်သို့ အလှူငွေ ထပ်မံလှူဒါန်းလိုကြောင်း၊

ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ထိန်းသိမ်းပြီး ကျောင်းအုပ်ဆရာကြီးနှင့် ညှိနှိုင်းကာ နှစ်စဉ် ဆရာကန်တော့ပွဲပြုလုပ်ပေးစေလိုကြောင်း၊ ရပ်ရွာအကျိုး ကို ယခုကဲ့သို့ စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

၎င်းနောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ အရင်းမပျောက်မတည်ငွေ၊ ငွေပဒေသာ ပင်သို့ အလှူငွေ ထပ်မံ လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ပြီးနောက် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး နှင့်အဖွဲ့သည် ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြောင်း သတင်း ရရှိသည်။


Leave a Reply