ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ကန့်ဘလူ၊ သြဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၈) ကို ယမန်နေ့နံနက် ၁ဝ နာရီက ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြင့်တင်၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမြင့်တင်က သင်တန်း အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းဇော်က အမှာစကားပြောကြားခြင်း၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းစိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကြသည်။ ယင်းနောက် သင်တန်းနည်းပြဆရာများက သင်တန်းအား ဆက်လက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမြင့်တင်၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းဇော်နှင့် ခရိုင်ပါတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းစိန်နှင့် ပါတီကော်မတီဝင်များ၊ ကန့်ဘလူ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၇ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ယနေ့ တစ်ရက်တည်းသာ ဖွင့်လှစ် သင်ကြား ပို့ချသွားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)