တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေကွင်းဆင်း ဒေသခံပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ရွှေနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မန်မော်ကျေးရွာသို့ သွားရောက်ကာ ပါတီဝင်များနှင့် တွေ့ဆုံသည်။

ခရိုင်ပါတီဥက္ကဋ္ဌက လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ၏ သဘောထားများ၊ ပါတီရေးရာကိစ္စများ၊ ပြည်ခိုင်ဖြိုး ပါတီ၏ဒေသအကျိုးအတွက်ဆောင် ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာသူများ၏ မေး မြန်းတင်ပြချက်များကို ပြန်လည် ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

တမူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

 

စစ်ကိုင်း ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ပြည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ရွှေသည် ကော်မတီဝင်ဦးစောအောင်ပွင့်၊ မြို့နယ် ကော်မတီဝင်ဦးသိန်းÓဏ်၊ ထင်းဇင်အုပ်စုပါတီဥက္ကဋ္ဌ ဦးမျိုးဆွေတို့ နှင့်အတူ ယမန်နေ့က ကမ္မကြီး၊နန်ကတိတ်၊ နန်းခေါက်ခေါက်ကျေး ရွာများသို့ သွားရောက်ကာ ပါတီဝင်များနှင့်တွေ့ဆုံသည်။ခရိုင်ပါတီ ဥက္ကဋ္ဌက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီအကြီးအကဲ များဆောင်ရွက်ချက်များ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းပြော ကြားပြီး ဒေသခံပါတီဝင်များ၏ မေးမြန်းချက်များ၊ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇူလိုင် ၃ဝ

ကနီမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် ကော်မတီဝင်များသည် ကနီမြို့ နယ်၊ ကနဲကျေးရွာ ပါတီဥက္ကဋ္ဌ နေအိမ်၌ ရပ်/ကျေး ကော်မတီဝင် များ၊ ရပ်မိ/ရပ်ဖများနှင့်သွား ရောက် တွေ့ဆုံခဲ့သည်။

လူငယ်ရေးရာ အမျိုးသမီးရေးရာနှင့် မီဒီယာတာဝန်ရှိသူများတွေ့ဆုံ

 

တမူး ဇူလိုင် ၂၉

တမူးပြည်ခိုင်ဖြိုးပါတီနှင့်လူငယ်ရေးရာ အမျိုးသမီးရေးရာနှင့် မီဒီယာတာဝန်ရှိသူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရွှေခြင်္သေ့ခန်းမတွင် ကျင်းပခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေ က ပါတီရေးရာကိစ္စရပ်များ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက ရေးရာအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ချောင်းဆုံကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ရွှေဘို ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ချောင်းဆုံ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ရွှေဘိုမြို့နယ် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်တက်ရောက်သည်။

အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက် ထူဖွင့်လှစ်ခဲ့သည်။ ၄င်းနောက် ကျေးရွာပါတီဝင်များကို ပါတီယုံ ကြည်ချက် ခံယူချက်ပါတီမူဝါဒသဘောတရားများကို မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်ဇော်က ရှင်းလင်းဆွေးနွေးတင်ပြသည်။

တမူးပြည်ခိုင်ဖြိုးပါတီမှ စာသင်ဆောင်အမိုးအတွက် ငွေလှူ

 

တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်တို့သည် ဇူလိုင် ၂၃ ရက်က ထန်းတပင်ကျေးရွာ ၌ ကိုယ်ထူကိုယ်ထစာသင်ဆောင်အတွက် အမိုးမိုးရန် သွပ်ပြားဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို သွားရောက်လှူဒါန်းစဉ်။

ကိုကိုရွှေ


ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဗန်းမောက် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပြည်ခိုင်ဖြိုးပါတီ ခရိုင်ရုံးအစည်းအဝေး၌ ဇူလိုင် (၁၆) ရက် (၂၀၁၈) ရက်နေ့ နံနက် (၁၁) နာရီ ပါတီလုပ်ငန်များ ဆွေးနွေးဆောင်ရွက်ကြပါသည်။
ယင်းအစည်းအဝေးသို့  မုံရွာခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီများ၊ ခရိုင်တွင်းရှိ ချောင်းဦမြို့နယ်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။