ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေး(ဆင့်ပွား)သင်တန်းဖွင့်

 

ယင်းမာပင် သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ဆက်ဆံ ရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်း အနားသို့ ယင်းမာပင် ခရိုင်ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော် မြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင် များ၊ သင်တန်းသူ သင်တန်းသား အပါအဝင် စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နိုင်ငံတော် အလံအလေးပြု၍ နိုင်ငံတော်သီ ချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန် က အဖွင့်အမှာစကားပြောခဲ့ပြီး နောက် ခရိုင်ပါတီကော်မတီ ဝင် ဒေါ်ခင်နှင်းမာက သင်တန်းစည်း မျဉ်းစည်းကမ်းများနှင့် သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ သင်တန်း အချိန်ဇယားအတိုင်း စတင်သင် ကြားပို့ချခဲ့သည်။

သင်တန်းအား ယမန်နေ့မှ ယနေ့အထိ နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအတွင်း သင်ကြားခဲ့ ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)