မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ရွှေသမင်သုံးဘီးယာဉ်အဖွဲ့နှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဖွဲ့စည်း တည်ထောင်ထားသော မအူပင် တက္ကသိုလ်ကြိုပို့ ရွှေသမင်သုံးဘီး ယာဉ် အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေး နွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီ ခွဲတွင် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မအူပင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များက ရွှေ သမင်သုံးဘီးယာဉ်များ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းပိုင်း ဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူများနှင်တ ကွ ပြည်သူများနှင့် ထိတွေ့ဆက်ဆံ ရာ၌ဆောင်ရွက်ရမည့် ကျင့်ဝတ် ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော် ဖေဦး၊ အတွင်းရေးမှူး ဦးရန်နိုင် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့ နယ်ပါတီကော်မတီဝင်များ၊ မအူပင် တက္ကသိုလ်ကြိုပို့ ရွှေသမင်သုံးဘီး ယာဉ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)