မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘက်ဟိုးစက်ဖြင့် မြောင်းတူးဖော်ရေးတွေ့ဆုံဆွေးနွေး

 

မအူပင် သြဂုတ် ၈

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီတို့ ပူး ပေါင်းလျက် ရေနုတ်မြောင်းတူး ဖော်ပြီး တာပေါင်ဖြစ်ရေးအတွက် ဘက်ဟိုးစက်ဖြင့်တူးဖော်ရန် ဒေ သခံ ပြည်သူများနှင့်တွေ့ဆုံပွဲအား ယနေ့ နံနက် ၁၁နာရီခွဲမှစတင်၍ မအူပင်မြို့နယ် ကညင်ဝကျေးရွာ အုပ်စုအုန်းပင်စုကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် ဖေဦးက အုန်းပင်စုကျေးရွာ၊ အညာစုကျေးရွာ၊ စာဖြူစုကျေးရွာ များကိုဖြတ်လျက် မအူပင်-ကျိုက်လတ် ကားလမ်းမကြီးအထိ အရှည်တစ်မိုင်ခွဲခန့်ရှိမည့် ရေနုတ် မြောင်းတူးဖော်ပြီး မြောင်းဘေး၌ လူသွားနိုင်သော တာပေါင်ဖြစ်ရေး အတွက် ဘက်ဟိုးစက်ဖြင့် ဖောက် လုပ်ရေးလုပ်ငန်းကို ဆောင်ရွက် မည့် အစီအစဉ်အား ညှိနှိုင်းဆွေး နွေးခြင်း၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်က မိမိပါတီ၏ဆောင်ရွက်ခဲ့ မှုများ၊ ဆောင်ရွက်နေသည့်လုပ် ငန်းများ၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာ သောဒေသခံပြည်သူများက မရှင်း လင်းသည်များမေးမြန်းဆွေးနွေး ခြင်း၊ တာဝန်ရှိသူများက ပြန် လည်ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီ ကော် မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့်မြို့နယ်ပါတီကော်မ တီဝင်များ၊ ကညင်ဝကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကျေးရွာ ပါတီကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)