သုံးပန်​လှကျေးရွာအုပ်​စု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဆိုင်းဘုတ်​တင်​ပွဲနှင့် လူထု​တွေ့ဆုံပွဲပြုလုပ်

 

ချောင်းဦး ၊ သြဂုတ်​ ၁၄

ယ​နေ့ သြဂုတ်​လ ၁၄ ရက်​​နေ့ နံနက်​ ၁၀း ၃၀ နာရီအချိန်​က စစ်​ကိုင်းတိုင်း​ဒေသကြီး ​ချောင်းဦးမြို့နယ်​ သုံးပန်​လှကျေးရွာအုပ်​စု ဦး​လမ်းဗိုလ်​​နေအိမ်​၌ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဆိုင်းဘုတ်​တင်​ပွဲ ပြုလုပ်ခဲ့​ပါသည်။
ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဆိုင်းဘုတ်​အား ပါတီဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်း ​၊အမွှေးနံသာပက်​ဖြန်း၍ အမှတ်​တရ စု​ပေါင်းဓာတ်​ပုံရိုက်​ခဲ့ကြပါသည်​။
ထို​နောက် ​​​ကျေးရွာလူထုပါတီဝင်​များနှင့်တွေ့ဆုံပွဲ ဆက်​လက်​ပြုလုပ်​ရာတွင်​ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်သိန်းမှ အမှာစကား​ပြောကြားရာတွင်​ ယ​နေ့ နိုင်​ငံ​ရေးအ​ခြေအ​နေ ၊ ဒီမိုက​ရေစီနှင့်​အမျိုးဘာသာ သာသနာ ကျူး​ကျော်​ဘင်္ဂါလီနှင့် ရခိုင်​အ​ရေး ​စသည့်တို့ ထည့်​သွင်း​ပြောကြားခဲ့ပါသည်​။
ဆိုင်းဘုတ်​တင်​ပွဲသို့ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီ ဥက္ကဋ္ဌ ​ဒေါက်​တာမြင့်သိန်း၊ မုံရွာခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​တိုးနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီ​အတွင်း​ရေးမှူး ဦးမျိုးမြင့်​ဦးနှင့်မြို့နယ်​ပါတီကော်​မတီဝင်​များ ၊ ​​သုံးပန်​လှကျေးရွာ​အုပ်​စုအတွင်းရှိ ပါတီဝင်​များနှင့် ပြည်​သူများ စုစု​ပေါင်း (၁၂၀ ) ဦး​ကျော်​ တက်​​ရောက်​ပါသည်​။

မောင်​​မောင်​မြင့်​(​ချောင်းဦး)
စက – ၀၀၈
၀၉၄၄၀၁၀၆၃၉၉