ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ရပ်/ကျေးအမျိုးသမီးထုနှင့်တွေ့ဆုံ

 

ကနီ သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေး မှူးဒေါ်မာမာဦး(အမျိုးသမီးရေးရာ တာဝန်ခံ)နှင့်ကော်မတီဝင်များသည် ကနီမြို့နယ် တဇယ်ချောင်ကျေးရွာ အုပ်စု၊ မင်းကုန်းကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာမှ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ သည်။

ထို့နောက် အစည်းအဝေးကို ယနေ့ နံနက် ၁၁နာရီတွင်စတင်၍ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျန်ထွန်းက စတင်မိတ်ဆက်ပြီး အမျိုးသမီးများ နှင့်ပတ်သက်သောမျိုးစောင့်ဥပဒေ များ၊ အိမ်ထောင်သည်အမျိုးသမီး များ အိမ်ထောင်ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အမျိုးသမီးရေး ရာတာဝန်ခံ ဒေါ်မာမာဦးက အမျိုး သမီးရေးရာ ကိစ္စရပ်များကို ဖြည့် စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ အား ပြည်ထောင်စုနေ့စဉ်သတင်း စာများ ဖြန့်ဝေပြီး မွန်းလွဲ ၁နာရီ တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)