ပြည်သူများကပါတီကိုပြုပြင်ပြောင်းလဲမှုလိုလားမျှော်လင့်နေကြ ပြီဖြစ်သဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးပါတီဥက္ကဋ္ဌပြောကြား

ပြည်သူများက ပါတီကိုပြုပြင် ပြောင်းလဲမှု လိုလားမျှော်လင့်နေ ကြပြီဖြစ်သဖြင့် ပြန်လည်ပြုပြင် ခြင်းဖြစ်ကြောင်း ဇွန် ၂၈ရက်နံနက် ၁ဝနာရီတွင် ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီမျက်နှာစုံ ညီအစည်းအဝေးနှင့် ပြင်ဆင်ဖွဲ့ စည်းခြင်းအခမ်းအနား၌ တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

13089681-30062016

”ပြည်ခိုင်ဖြိုးပါတီဟာသမိုင်း အစဉ်အလာကြီးမားပြီး ပြည်သူ့ အကျိုးကို ရှေ့တန်းတင်ခဲ့တဲ့ပါတီ တစ်ရပ်ဖြစ်တဲ့အတွက်ပြန်လည် အနိုင်ရဖို့ အားနည်းချက်တွေ၊ချို့ ယွင်းချက်တွေဖော်ထုတ်ပြီး ပါတီ ကို ပြုပြင်ပြောင်းလဲခြင်းဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲဖို့အတွက် ပါတီရဲ့မူနဲ့လူကိုပြန်လည်သုံးသပ် ကြည့်တဲ့အခါ ပါတီရဲ့မူဝါဒရည် မှန်းချက်ဟာ နိုင်ငံရဲ့ပကတိအခြေ အနေလိုအပ်ချက်များနဲ့ ကိုက်ညီ မှန်ကန်နေဆဲဖြစ်သလိုပြည်သူများရဲ့ ဆန္ဒလိုအပ်ချက်များနဲ့လည်း ကိုက် ညီမှန်ကန်နေဆဲဖြစ်တဲ့အတွက် ပါတီရဲ့မူဝါဒကို ပြင်စရာမလိုဘူး ဆိုတာတွေ့ရပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲတဲ့နေရာမှာပါဝင် နေကြတဲ့လူတွေကိုသာ ပြုပြင်သွား မှာဖြစ်ပါတယ်။ ၂ဝ၁၅အရှုံးဟာ လည်းအမြဲတမ်းအရှုံးမဟုတ်တဲ့ အတွက် အရှုံးအနိုင်သံသရာလည် နေမှာဖြစ်ပါတယ်။ ဒါဟာ ဒီမို ကရေစီနိုင်ငံတွေမှာ နိုင်ငံရေးပါတီ တွေကြုံတွေ့ရမယ့် ဖြစ်ရိုးဖြစ်စဉ် သဘောဖြစ်သလို ပြည်သူများရဲ့ ယုံကြည်မှုအားကိုးမှု၊ ထောက်ခံမှု ရအောင်ကြိုးစားပြီး အောင်နိုင်မှု ရအောင်ပြန်လည်ကြိုးပမ်းခြင်း သည်သာလျှင်မိမိတို့(ပါတီဝင်များ) ထမ်းဆောင်ရမည့် အဓိကတာဝန် ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
တိုင်းဒေသကြီးပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကော်မတီ ဒေါက်တာဝင်းမြင့်အောင်က ရွေး ချယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ခဲ့သည်။ ဘုတလင်မြို့နယ် ပါတီ အတွက် မြို့နယ်ကော်မတီဝင် အသစ် ၁၅ဦးနှင့် အရန်မြို့နယ် ကော်မတီဝင်အသစ် ၁၅ဦး စုစု ပေါင်းကော်မတီဝင် ၃ဝတို့ကို စိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် စိစစ်ရွေးချယ်ကြသည်။

ယင်းနောက် မြို့နယ်မျက်နှာ စုံညီအစည်းအဝေးကို ဆက်လက် ကျင်းပရာ မြို့နယ်ကော်မတီဝင် အသစ် ၁၅ဦးတို့အား အမည် စာရင်းကြေညာခြင်း၊ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက် အစီရင် ခံစာကို ဖတ်ကြားခြင်း၊ တက် ရောက်လာသော စည်းရုံးရေးမှူး များက အစုအဖွဲ့စာတမ်းများ ဖတ် ကြားခဲ့ကြသည်။ ထို့နောက်မြို့ နယ်ပါတီ၊ ကော်မတီဝင်များအား ကတိသစ္စာပြုခြင်းနှင့် ပါတီတာဝန် များပေးအပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ပြီး အခမ်းအနားကို ကြွေး ကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

မင်းဆက်နိုင်(မုံရွာ)


Leave a Reply