တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး သြဂုတ် ၂၈

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် တမူးမြို့နယ် ရန်ငြိမ်းအောင် ကျေးရွာ၊ဝိတုတ်ရွာမဝိတုတ်ရွာသစ် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ကျေးရွာပါတီရုံး၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် ခရိုင်ကော်မတီ ဝင် ဦးမျိုးမျိုးတို့က လက်ရှိနိုင်ငံ ရေးအခြေအနေများ၊ ပါတီ၏ယနေ့ အမျိုးသားရေးဆောင်ရွက်ချက်များ၊ ကြားဖြတ်ရွေးကောက်ပွဲတွင်ဆောင် ရန်ရှောင်ရန်အချက်များကိုရှင်းလင်း ဆွေးနွေးကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

 

မောင်မောင်မြင့်(ချောင်းဦး)

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်​​ရောက်​အား​ပေး

အင်းတော်၊ သြဂုတ်​၊ ၂၆

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက် ၁၀း၀၀ နာရီအချိန်​တွင်​ စစ်ကိုင်းတိုင်း​ဒေသကြီး|ကသာခရိုင်​၊ ​အင်းတော်မြို့နယ်​၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​တိုင်း​ဒေသကြီးပါတီဥက္ကဌ ဒေါက်​တာ​မြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်​ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊
မြို့နယ်​ပါတီဥက္ကဌဒေါ်သူသူဇင်နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ၊ ပါတီဝင်အသစ်များ၊ ရပ်မိရပ်ဖများ စုစု​ပေါင်းအင်​အား ၇၀၀ ဦးတက်​​ရောက်​ခဲ့ကြပါသည်​။

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ တက်ရောက်

 

တမူး၊ သြဂုတ်၂၃

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ရပ်ကွက်ပါတီရုံးတွင်ပြုလုပ်ရာ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်ရွှေ တက်ရောက်ပြီး နိုဝင်ဘာ ၃ ရက်၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတသော ရွေးကောက် ပွဲဖြစ်စေရေး၊ လိုအပ်သောအဖွဲ့အစည်းများဖွဲ့စည်းပြီး လက်တွေ့ကျသော လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ရွေးကောက်ပွဲနေ့တွင် တွေ့ကြုံရမည့် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေး၊ ဥပဒေနှင့် မညီသောလှုပ်ရှားဆောင်ရွက်မှုများကို စနစ်တကျမှတ်တမ်းတင်ထားရှိ ရေးနှင့် ကန့်ကွက်သွားရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးမျိုးမျိုးနှင့် ဦးစောအောင်ပွင့်တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တောင်ပိုင်းနယ်မြေများသို့သွားရောက်ပြီး ပါတီဆိုင်းဘုတ်များစိုက်ထူ

 

ကလေး သြဂုတ် ၂၃

ချောင်းဦးမြို့နယ် ဆူးလေကုန်းရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ချောင်းဦး သြဂုတ် ၂၃

မုံရွာခရိုင် ချောင်းဦးမြို့နယ် ဆူးလေကုန်း ကျေးရွာအုပ်စု ဆူးလေကုန်းရွာ၌ ယမန်နေ့ နံနက် ၁ဝ နာရီကပြုလုပ်သည့် ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲသို့ မုံရွာ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင် တိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်ပါတီကော် မတီဝင်ဒေါ်ချောစုမြတ်(အမျိုးသမီး ရေးရာတာဝန်ခံ)နှင့် ပါတီကော်မ တီဝင်များ၊ ဆူးလေကုန်းကျေးရွာ အုပ်စုအတွင်းရှိ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ကြပြီး ပါတီဆိုင်း ဘုတ်ကို အမွှေးနံ့သာများပက်ဖျန်း ကာ စိုက်ထူခဲ့ကြသည်။

အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

 

အင်းတော် သြဂုတ် ၂၂

အောက်တောင်းကျေးရွာပါတီဝင်များနှင့် တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ

 

တမူး၊ သြဂုတ် ၂ဝ

တမူးပြည်ခိုင်ဖြိုးပါတီနှင့် ပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့က တမူးမြို့နယ် ခမ်းပါတ်မြို့ အောက်တောင်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပြည်ခိုင်ဖြိုးပါတီဆောင်ရွက်နေမှုများ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ပါတီဝင်များ၏ တင်ပြမေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ တွေ့ဆုံပွဲတွင် ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင် ဦးစေအောင်ပွင့်၊ နယ်အတွင်းရေးမှူး ဦးဇော်မင်း၊ ကော်မတီဝင် ဦးလေးဝင်းနှင့် ကျေးရွာမှပါတီဝင် များ တက်ရောက်ကြောင်း သိရ သည်

ကျေးရွာအုပ်စုများတွင် ပါတီဆိုင်းဘုတ်တင်ပွဲများပြုလုပ်

 

ကလေး သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်တွင် ရပ်ကွက်များ နှင့်ကျေးရွာအုပ်စု ၆၂ အုပ်စုရှိရာ ယခုအခါတွင် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၁၅ စု စုစုပေါင်း ၁၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် များ တင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။