ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်​​ရောက်​အား​ပေး

အင်းတော်၊ သြဂုတ်​၊ ၂၆

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက် ၁၀း၀၀ နာရီအချိန်​တွင်​ စစ်ကိုင်းတိုင်း​ဒေသကြီး|ကသာခရိုင်​၊ ​အင်းတော်မြို့နယ်​၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​တိုင်း​ဒေသကြီးပါတီဥက္ကဌ ဒေါက်​တာ​မြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်​ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊
မြို့နယ်​ပါတီဥက္ကဌဒေါ်သူသူဇင်နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ၊ ပါတီဝင်အသစ်များ၊ ရပ်မိရပ်ဖများ စုစု​ပေါင်းအင်​အား ၇၀၀ ဦးတက်​​ရောက်​ခဲ့ကြပါသည်​။

အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းသီဆိုကာ နိုင်ငံတော်အလံအ​လေးပြု၍ဖွင့်​လှစ်​ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဝင်​များကိုယ်​စားမှ ပါတီဝင်​အဆိုပြုလွှာများ ပေးအပ်​ရာ မော်တိတ်ကျေးရွာ
အုပ်စုပါတီဥက္ကဌ ဦးစိန်ကြည်မှပေးအပ်ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ လက်​ခံရယူခဲ့ကာ| ပါတီဝင်​​ကြေးများအား မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးကျော်လွင်ဦးမှပေးအပ်​ခဲ့သည်။ ​ထို့နောက် မြို့နယ်ပါတီဥက္ကဌဒေါ်သူသူဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဇာတိမာန်သီချင်းသံပြိုင်သီဆို၍ အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည် ။
ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးသည် ရွာသာယာကျေးရွာဆရာတော်ဦးဓမ္မိကအား သွားရောက်းဖူးမြှော်ကန်တော့၍ ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။