မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ပြည် ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်းက အမှာစကားချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်ကသင်တန်း ဆင်းအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက သင်တန်း ဆင်းလက်မှတ်များကို ပေးအပ်ချီး မြှင့်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီအတွင်းရေးမှူး ဦးတင်ရှိန်က သင်တန်းဆရာမဒေါ်စန်းကြည်နှင့် သင်တန်းဆရာ ဦးထွန်းမင်းတို့ကို ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေး ခဲ့သည်။

နယ်မြေတာဝန်ခံဒေါ်နှင်းအိအိ ခင်(ဘဏ္ဍာရေးမှူး)က ကျေးဇူး တင်စကားများပြန်လည်ပြောကြား ခဲ့သည်။

ယင်းသင်တန်းဆင်းပွဲသို့ သင် တန်းသူများနှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များ စုစုပေါင်း၆ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)