အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံး ဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနားကျင်းပ

 

မန္တလေး သြဂုတ် ၂၆

မန္တလေးမြို့ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ပါတီရုံးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းထွန်းဦး ဦးဆောင်သောအဖွဲ့မှ မင်္ဂလာအချိန်ကျရောက်သောအခါ ပါတီဆိုင်းဘုတ် ကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ၍ မင်္ဂလာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမရပူရမြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းထွန်းဦး နှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ အပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကျင်းပပြီးနောက် မြို့နယ်ပါတီ၏ မြို့နယ်နှင့် ရပ်/ကျေး လပတ်ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)