ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် (၂၆.၈.၂၀၁၈)ရက်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်က ညောင်ဦးပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပသော ရပ်/ကျေး ပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်ပွဲနှင့်ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်နှင့်အတူ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပါတီဥက္ကဋ္ဌဦးညွန့်ဝင်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ဌေးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ပါတီဝင်သစ်များအပါအဝင် စုစုပေါင်း အင်အား(၄၀၀)ကျော်တက်ရောက်ခဲ့ကြပါသည်။