ကျေးရွာအုပ်စုများတွင် ပါတီဆိုင်းဘုတ်တင်ပွဲများပြုလုပ်

 

ကလေး သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်တွင် ရပ်ကွက်များ နှင့်ကျေးရွာအုပ်စု ၆၂ အုပ်စုရှိရာ ယခုအခါတွင် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၁၅ စု စုစုပေါင်း ၁၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် များ တင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ကျေးရွာနှင့် နန်းကျင်အောင်ကျေး ရွာများတွင် ယမန်နေ့ နံနက်ပိုင်း က ကျေးရွာပါတီဆိုင်းဘုတ်များ အသီးသီးတင်ခဲ့ကြသည်။ အဆိုပါ ဆိုင်းဘုတ်တင်ပွဲများသို့ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ပါတီကော်မတီဝင်များနှင့် ရပ်/ ကျေးပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သိရသည်။

သီဟသူ(ကလေး)