အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

 

အင်းတော် သြဂုတ် ၂၂

ကသာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲ မှု (ဆင့်ပွား) သင်တန်း (၅/၂ဝ၁၈) ကို ယမန်နေ့ နံနက် ၁ဝ နာရီက အင်းတော်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ရာ ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ ခရိုင်ကော်မတီဝင် ဦးမြင့်ထွန်း၊ ဦးဇော် လင်းထွေး (မြို့နယ်တာဝန်ခံ)၊ အင်းတော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုအသီးသီးမှ သင်တန်းသား များ တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုအလေးပြု ၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ယမန်နေ့ မှ ယခုလ ၂၄ ရက်ထိ လေးရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်သည်။