တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအတွက် ညှိနှိုင်းဆွေးနွေး

တမူး၊ သြဂုတ် ၂၂

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းအစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၂ နာရီက ပါတီ ရုံး ရွှေခြင်္သေ့ခန်းမတွင် ကျင်းပခဲ့ သည်။
ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင် ရွှေက ရွေးကောက်ပွဲတွင်ဖွဲ့စည်း ပေးထားသော အဖွဲ့အစည်းများ လက်တွေ့ကျသော လုပ်ငန်းစဉ် များကို အဓိကထားပြီးဆောင်ရွက် နိုင်ရေး၊ ဥပဒေနှင့်အညီလက်တွေ့ လုပ်ဆောင်ကြရေး၊ ပါတီဝင်ပြည် သူများနှင့် အမြဲမပြတ်ဆက်သွယ် ပေါင်းစပ်ဆောင်ရွက်ကြရေး၊ ဖြစ်ပေါ်လာသည့် အခက်အခဲများ ကို အချိန်နှင့်တစ်ပြေးညီတင်ပြပေး ရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်အောင်က ကြားဖြတ်ဆိုင်ရာလုပ်ငန်းစဉ်များ ကိုရှင်းပြပြီး တက်ရောက်လာ သူများက ပြန်လည်ရှင်းလင်းဆွေး နွေးအကြံပြုကြသည်။ အစည်း အဝေးသို့ ခရိုင်၊ မြို့နယ်၊ မြို့ပေါ် ရပ်ကွက်များမှ ပါတီတာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး အစည်း အဝေးကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)