ခင်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ဒုရဲမှူး တစ်ဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခင်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်၌ ဒုတိယရဲမှူးတစ်ဦးအပါအဝင် လုံခြုံ​ရေးတပ်ဖွဲ့ဝင် ​၁၀ ဦး​​ကျော် ​​သေဆုံးခဲ့​ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ​ဒေသခံကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု​ကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ၁၄ ဦး ​သေဆုံးခဲ့​ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူ

 

ချောင်းဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်ကို ယမန်နေ့ နံနက် ၁ဝ နာရီ က ငါးလုံးတင်ကျေးရွာ ဦးတေဇာမင်းနေအိမ်၌ စိုက်ထူကြရာ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ကာ စက်ခလုပ်နှိပ်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

COVID-19 ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးတွင် ဗန်းမောက်ပြည်ခိုင်ဖြိုးပါတီ Face Shield များ အခမဲ့ဝေငှ

 

ဗန်းမောက် စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်ဈေးများတွင် Face Shield များ ဝေငှခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ရေဦးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်တင်

 

ရေဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခန့်က မြို့နယ်ပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်း ဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရွေးကောက်ပွဲအောင်နိုင်ရေး အလံတင်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား တက်ရောက်

 

ချောင်းဦး စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းသည် ယမန်နေ့ နံနက် ၆ နာရီက မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်ပွဲနှင့် မြို့နယ်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပုံပါ ဗီနိုင်းပိုစတာများ စိုက်ထူ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ နှင့် မြို့တွင်းအရေးကြီး နေရာများတွင် စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီမှစတင်၍ ကိုယ်စားလှယ်လောင်းများ၏ ပုံများပါ ဗီနိုင်း ပိုစတာများစိုက်ထူခဲ့သည်။

ကျော်လွင်ဦး(ကောလင်း)


ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာလအဆင်ပြေရေး ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ဝန်းသို စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၏ ကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထိန်မင်းသည် ယမန်နေ့က ကြိုးကြာဝင်းရပ်ကွက်နှင့် ယနေ့နံနက်ပိုင်း တွင် ၁၂၁ ရပ်ကွက်၊ စစ်မှုထမ်းဟောင်း ရပ်ကွက်၊ အောင်သပြေရပ် ကွက်စုစုပေါင်းအိမ်ထောင်စု ၁၈၆စု အတွက် COVID-19 ကာလ မိသားစုများ အဆင်ပြေနိုင်စေရေးအတွက် ဆန်၊ ဆီ၊ဆား ကြက်သွန် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကံအထက်တန်းကျောင်းသို့ Mask နှင့် ရေသန့်များ သွားရောက်လှူဒါန်း

 

ကောလင်း သြဂုတ်လ

ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်တိုး၊ ဦးကျော်လွင်ဦးနှင့် ဦးညွန့်ဝေတို့ လိုက်ပါ၍ ယနေ့ နံနက် ၁ဝ နာရီက ဥက္ကံအထက်တန်းကျောင်းသို့ သွားရောက်၍ COVID-19 အချိန်ကာလ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ အတွက် Mask ၃ဝဝ နှင့်ရေသန့် ၃၂၅ဘူးကို လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့်က လက်ခံယူခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အထကကျောင်းသို့ အလှူငွေပေးအပ်

 

ဝန်းသို သြဂုတ်

ဝန်းသို အခြေခံပညာအထက်တန်း ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် သောက်သုံးရေကန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ် အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး၏ ကိုယ်စား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထိန်မင်းက ဝန်းသိုအထက ကျောင်းအုပ်ဆရာမကြီးထံ ယမန်နေ့က အလှူငွေပေးအပ်ခဲ့ကြသည်။

ညီညီထွန်း(ဝန်းသို)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမြို့နယ်တွင် ကျေးရွာပါတီဆိုင်းဘုတ်တင်

 

မင်းကင်း သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကြွေကျေးရွာအုပ်စု ကြွေကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဆန်းဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာပါတီ ဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်ခဲ့သည်။