တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ တက်ရောက်

 

တမူး၊ သြဂုတ်၂၃

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ရပ်ကွက်ပါတီရုံးတွင်ပြုလုပ်ရာ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်ရွှေ တက်ရောက်ပြီး နိုဝင်ဘာ ၃ ရက်၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတသော ရွေးကောက် ပွဲဖြစ်စေရေး၊ လိုအပ်သောအဖွဲ့အစည်းများဖွဲ့စည်းပြီး လက်တွေ့ကျသော လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ရွေးကောက်ပွဲနေ့တွင် တွေ့ကြုံရမည့် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေး၊ ဥပဒေနှင့် မညီသောလှုပ်ရှားဆောင်ရွက်မှုများကို စနစ်တကျမှတ်တမ်းတင်ထားရှိ ရေးနှင့် ကန့်ကွက်သွားရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးမျိုးမျိုးနှင့် ဦးစောအောင်ပွင့်တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)